#ဆဒ္ဒန်ဆင်မင်း ရဲ့ မူလပိုင်ရှင်ကပုဏ္ဏားပြန်ကျော်အေးပါ..။ ဘယ်သူပဲဖြစ်ဖြစ် သဘင်အနှစ်သာရကိုဖော်ထုတ်ကြသူချင်း အငြင်းပွားမနေကြဘူး၊ ဂုဏ်ယူစရာအဖြစ်ဖော်ထုတ်သင့်ပါတယ်..ဆိုတဲ့ .. ဦးဝင်းမြင့်..။
#"ရုပ်သေးမင်းသမီး ပုဏ္ဏားပြန်ကျော်အေး ရဲ့ ဆဒ္ဒန်ဆင်မင်းဇာတ်ထုပ်ကို ဒီဓါတ်ပြားနဲ့ စစ်ကြိုခေတ် 1931-32 မှာ ပထမဆုံးသွင်းတဲ့တာပါ။ အသက် ၂၇ နှစ်လောက်မှာ သွင်းခဲ့တာလေ၊ ။ ဒီ ဇာတ်လမ်းကတော့ စလေဦးပုည ရေးခဲ့တဲ့ ဘုရား နိပါတ်တော်ပေါ့ ..။ နောက် 1961 မှာ စစ်ပြီးခေတ်မှာ ရွှေဘိုတင်မောင် က ရွှေဘိုမြနဲ့ အတူသွင်းခဲ့တယ်၊ ရုပ်သေးမင်းသမီးတွေ၊ မင်းသားတွေ က ..ဒီလို ဓါတ်ပြားတွေကို ယောက်ျားလေးသံ မိန်းကလေးသံ နှစ်သံနဲ့သွင်းလေ့ရှိခဲ့တာပါ..။
အားလုံးက ဆိုငိုပြော တွေနဲ့ သဘင် အနှစ်သာကို သူ့နည်းသူ့ဟန်နဲ့ ဖော်ထုတ်ကြသူတွေမို့ .. ဘယ်သူကစောတယ်၊ နောက်ကျတယ်မဟုတ်ဘဲ ..လေ့လာစရာ ဂုဏ်ယူစရာ အနေနဲ့ ဖော်ထုတ်သင့်တယ်ဆိုတာ ပြောချင်ပါတယ်.. ။ ကျွန်တော်က ဓါတ်ပြားတွေ စုဆောင်းရတာ အရမ်းဝါသနာပါတယ်လေ.. ကျွန်တော့်ဆီမှာ ရှေးဟောင်းဓါတ်ပြားတွေ အများကြီးရှိပါတယ်..">>ဆိုတဲ့ . ဓါတ်ပြားစုဆောင်းသူ ဦးဝင်းမြင့် ..
Sunday Journal
Sunday is ready to make your heart happy and fulfil what you want to know
#ရေဘေးသွားတုန်းက ထော်လာဂျီ စီးပြီးသွားရတာလေ စီးလို့မကောင်းဘူး..
# #ထော်လာဂျီမောင်းတဲ့ကာရိုက်တာမို့ ထော်လာဂျီမောင်းသင်ရဦးမှာ အခြားကားတွေထက် နည်းနည်းကြမ်းမယ်ထင်တယ် ရေဘေးသွားတုန်းက ထော်လာဂျီ စီးပြီးသွားရတာလေ စီးလို့မကောင်းဘူး.. ရေဘေးလှူတဲ့အချိန် အိမ်တွေပျက်စီးတာတွေ့ရတော့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်..ဆိုတဲ့ ဝေဖြိုး.
#ရေသယာဇာတ်လမ်းတွဲကန်တော့ပေးပွဲ
#ကျွန်တော်တို့ ဇနီးမောင်နှံက သူငယ်ချင်းတွေလိုပဲနေကြတာလေ။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် မွေးနေ့လက်ဆောင်ပေးတာတွေ ဗယ်လင်တိုင်းနေ့ဆိုပြီး Surprise တိုက်တာတွေမရှိဘူး။ ဒါတွေက အပို ပိုက်ဆံကုန်တဲ့အလုပ်တွေလို့ နှစ်ယောက်လုံးက သတ်မှတ်ထားတာလေ။ နိုင်ငခြားက အပြန်သူ့အတွက်ဆိုပြီး ဝယ်လာတာတော့ရှိတယ်။ သူမသိအောင်ဆိုပြီး လုပ်လို့လည်းမရဘူး ကျွန်တော်က ပါးစပ်မလုံဘူးလေ'' ဆိုတဲ့ >> ဖြိုးငွေစိုး
#” တေးချစ်သူက အန်ကယ့်ထက် အများကြီးငယ်တာပါ၊ အန်တီလို့ ခေါ်လို့ မဖြစ်ဘူးလေ..။ မမလို့ပဲ ခေါ်ကြပါ..။ အန်ကယ်က Tay မလိုဖြစ်ခဲ့တဲ့ ပန်ခရိယ က-င်ဆာ ၂ ကြိမ်တောင်ခံစားခဲ့ရတော့ အသ-က် ကယ်ပေးခဲ့တဲ့ မေ့ဆေးအထူးကုဆရာဝန်မကြီးတေးချစ်သူက က ရွှေရုပ် ကလေး ထက်တောင် တန်ဖိုး ရှိပါသေးတယ် >>'' ဆိုတဲ့ >> မြန်မာပြည်သိန်းတန်
#သူက ပန့်ကရိယဖြစ်တော့ ၃ နှစ်လောက်ဂရုစိုက်ကုသခဲ့ရတာလေ။ ဒီရောဂါကလည်း စတိဂျော့တို့ Ghost မင်းသားကြီးပတ်ထရစ်ဆွေဇီတို့ဖြစ်ခဲ့ကြတာလေ။ ဝှီးချဲကြီးပေါ်မှာ အကြိတ်အနယ်ဖြစ်နေတာကိုး။ သူ့ကိုမြင်ပြီးဒီရောဂါကိုကုနိုင်တဲ့ဆေးရုံနဲ့ ဆရာဝန်ကို ရှာပြီး ကုလို့ရအောင်လုပ်ခဲ့ရတာပေ့ါ'' >> တေးချစ်သူ
# #"မပိုင်ဆိုင်ခဲ့တဲ့မင်းကိုလေ.. ငိုယိုကာ ဆွဲမထားမိတော့ဘူး..လို့ ၊ အရင်တုန်းကတော့ ရှင်ကွဲမှာက ငိုယိုတာ ဆွဲထားမိခဲ့တာလေ..။ တရားတွေလည်း ညတိုင်းနာတော့ ငိုယိုကာမဆွဲတော့ဘူးပေါ့ ။ မေတ္တာတရား နဲ့တော့ ယှဉ်ပြီး ငါ့ထက်သာတဲ့ သူဆီသွားဆိုပြီး ရေးခဲ့တာပါ..။ နားထောင်တဲ့လူတွေကို အသည်းကွဲစေချင်လို့မဟုတ်ပါဘူး..။ လက်လွှတ်တတ်အောင် တရားသဘောလေးကို ပေးခဲ့တာပါ..။ မင်းမရှိလည်းကမ္ဘာကြီးက လည်နေမှာပဲမို့ ကိုယ့်ကိုယ့်ကိုယ် အေးချမ်းအောင်ပဲ ကြိုးစားပါ လို့.">>.ဆိုတဲ့ သိပ္ပံထွန်း..။
#သိပ္ပံထွန်း #ဤသို့ပြုရ
#မိုက်ချက်ကတော့ကမ်းကုန်ပဲကိုပြန်ရိုက်တာမဟုတ်ပါဘူး။ ဖရိန်လည်းမတူပါဘူး ညီအစ်ကို ၄ ယောက်ဖြစ်နေတာပဲတူသွားတာပါ။ ဇာတ်လမ်းထဲမှာ ကိုယ်က ဒုတိယသားပေ့ါ။ အဝတ်အစားဆိုရင်သပ်သပ်ရပ်ရပ်ဝတ်တဲ့ ပဲနည်းနည်းများတဲ့သူပေ့ါ။ ဇာတ်လမ်းလေးကတော့ မြန်မာ့ရိုးရာပုံစံလေးတွေဖြစ်ပြီး ရှေးဟောင်းအမွေအနှစ်တွေကို တန်ဖိုးထားတတ်စေဖို့အကြောင်းလေးတွေပေ့ါ။ ညီအစ်ကို ၄ ယောက်ကဆိုးပေမဲ့ စိတ်ထားကောင်းတဲ့သူတွေပေ့ါ'' >> ကျော်ဆု
# #"မအမ်းရင် အဘွားကြီးတွေ အနားကို ဘယ်သူက ကပ်မှာလဲ ။ အချစ်ကတော့ အသက်အရွယ်နဲ့ မဆိုင်ပါဘူး၊ ဒါကြောင့် အဖိုးကြီးတွေက ကောင်မလေးငယ်ငယ်လေးတွေကို ယူကြတာလေ.. ">>. ဆိုတဲ့ မြတ်ကေသီအောင်..။
>>
#သုံးနားညီ ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို တက်ရောက်လာတဲ့ အကယ်ဒမီ မြတ်ကေသီအောင် ကိုအခုလို မေးမြန်းခဲ့တာဖြစ်ပါတယ်..။
# #"ထက်ထက် က ပါးပါးအတိုင်း အကုန်လုံးတူတာလေ၊ ပါးပါးက ဗလွတ်ရွတ်တ အရမ်းပြောတတ်တာပါ။ ထက် ဒဂုံ-၁ကျောင်းတက်တုန်းကဆို၊ အဖေက ကျောင်းဆရာဝန်လေ၊ ရှိသမျှ ဆရာမတွေ အားလုံးကို သူ့ရည်းစားဟောင်းချည်းပြောတာပါ။ ထက်အစ်ကိုဆိုရင် သူ့သူငယ်ချင်းကောင်မလေးတွေ အကုန်လုံးက အဖေ့ရှေ့က ဖြတ်မလျှောက်ရဲဘူး။ သူက ချွေးမချည်းလိုက်ခေါ်တာလေ..။ တကယ်လည်း ထက်ရဲ့ ရည်းစားတွေ အကုန်လုံးကို အဖေသိတယ်၊ အိမ်ကိုခေါ်သွားနေကျလေ..။ ထက် ဆံပင်ပုံကို ဟာလီကွင်းတဲ့..။ အင်္ဂလိပ်ကားမကြည့်ဖူးတော့ မသိဘူး.">>.ဆိုတဲ့ .. #ထက်ထက်ထွန်း ..။
>>
#သုံးနားညီ ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို တက်ရောက်လာတဲ့ထက်ထက်ထွန်း ကိုအခုလို မေးမြန်းခဲ့တာဖြစ်ပါတယ်..။
'' ပထမဆုံးရတဲ့အနုပညာကြေး ၄ သောင်းကို စာအိတ်ထဲထည့်ပြီး အခုထိသိမ်းထားတယ်'' >> သန့်ဇော်ထွန်း
''ကျွန်တော်အနုပညာအလုပ်တွေစလုပ်တဲ့အချိန်မှာ ဘာအသိမှမရှိပါဘူး။ ပထမဆုံးရတဲ့ အနုပညာကြေး ၄ သောင်းကို အခုထိ စာအိတ်ထဲထည့်ပြီးသိမ်းထားတယ်။ ပြီးတော့ ၂ သောင်းဖြစ်သွားတယ်။ အဲဒီလိုဖြတ်သန်းခဲ့ရတာပေ့ါ။ မနက် ၄ နာရီကိုလည်း ထပြီးတော့ ပန်းဖလက်တွေဝေခဲ့ဖူးတယ်။ ရှူတင်မှာ ရေကူးကန်ထဲ ဒိုင်ဗင်ပစ်ရမယ်ဆိုတာ ကြိုမပြောထားဘဲ လုပ်ခဲ့ရတယ်။ ကိုယ်ကရေတောင်မကူးတတ်တော့ အဆင်မပြေဖြစ်ပြီး ရေစိုကြီးနဲ့ အိမ်ကိုငိုပြန်ခဲ့ရတယ်'' >> သန့်ဇော်ထွန်း
# #"ဒီးဒီးက နုပါတယ်.. အသက် ၄၀ လို့တောင် မထင်ရပါဘူး။ ၃၉ နှစ်ခွဲလောက်ပဲ ထင်ရတာပါ..။ ကျွန်တော့်တစ်ကိုယ်တော် ကြော်ငြာကတော့ အိမ်ထောင်သစ် ၈ နှစ်မှာ နှစ်ခါ ရိုက်ဖူးတယ် လေ..၊ လေးနှစ်တစ်ခါပေါ့ ">> ကိုသီဟ ..။
Click here to claim your Sponsored Listing.
Location
Contact the business
Telephone
Website
Address
YaeKyaw Street, Pazundaung
Yangon
11211