01/01/2026
🥳🍀နှစ်သစ်ဆုတောင်း 🍀🥳
Happy New Year 2026 😍
Yangon Mobile ကို
စဉ်ဆက်မပြတ်အားပေးလာကြသော
ချစ်ရတဲ့ စျေးဝယ်သူ မိတ်ဟောင်း ၊ မိတ်သစ် customerများ အားလုံး ‘’ နှစ်သစ်မှစ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် လုပ်ငန်းဆောင်တာများကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါစေ .. အသက်ရှုတိုင်း ငွေဝင်ပါစေ ..” လို့ admin team မှ နှစ်သစ်ဆုမွန်ကောင်းဆုတောင်းပေးလိုက်ပါတယ်ရှင့်🙏
22/12/2023
True Tone ဆိုတာဘာလဲ?
iPhone, iPad နဲ့ Mac တွေမှာ True Tone လို့ခေါ်တဲ့ Feature လေးကို တွေ့မိကြမှာပါ။ True Tone ဆိုတာ Display ပေါ်က အရောင်တွေကို သဘာဝပိုကျအောင် အလိုအလျောက် ချိန်ညှိပေးနိုင်တဲ့ နည်းပညာပဲ ဖြစ်ပါတယ်။
အဆင့်မြင့် Sensor တွေကို အသုံးပြုပြီး Display ရဲ့ White Balance, Color နဲ့ Intensity ကို ဘေးပတ်ဝန်းကျင်က Ambient Light, Color Temperature နဲ့ လိုက်လျောညီထွေမှုရှိအောင် ချိန်ညှိပေးပါတယ်။
မီးရောင်အောက်မှာပဲဖြစ်ဖြစ်၊ နေရောင်အောက်မှာပဲဖြစ်ဖြစ်၊ အခန်းထဲမှာပဲသုံးသုံး၊ အပြင်မှာပဲသုံးသုံး၊ အရောင်တွေကို အကောင်းဆုံး ချိန်ညှိပေးတာကြောင့် အမြင်အာရုံကိုလည်း သက်သောင့်သက်သာ ရှိစေပါတယ်။
True Tone ကို Default အားဖြင့် ဖွင့်ထားပြီးသား ဖြစ်ပြီး၊ Control Center ထဲကနေလည်း အလွယ်တကူ အပိတ်/အဖွင့် လုပ်လို့ရပါတယ်။
22/02/2023
VPNတွေသုံးလို့အဆင်မပြေဖြစ်နေပါသလား။ဟိုVPN down ဒီVPN down downပေါင်းများစွာနဲ့အဆင်မပြေဖြစ်နေပါသလား?လောလောဆယ် iosအတွက်အဆင်ပြေနေသေးတဲ့ Free VPN တစ်ခုဖြစ်တဲ့ Ceedspeed VPNကို Userတို့အတွက် sharingလုပ်ပေးလိုက်ပါတယ်။ဘာlog inမှဝင်စရာမလိုပဲ တန်းdown တန်းသုံးရုံပါပဲခင်ဗျာ။📶
08/04/2022
Background App Refreshဆိုတာဘာလဲ>
Background App Resreshဆိုတာကတော့ Appများကို အသုံးမပြုတော့တဲ့အခါ သို့မဟုတ် ပြန်ထွက်လိုက်တဲ့အခါတွင်လဲ သင့်iphoneရဲ့နောက်ကွယ်မှာ ထိုAppများကိုဆက်လက်လုပ်ဆောင်စေသော Settingပိုင်းတခုပဲဖြစ်ပါတယ်။Background App Refresh Settingကို Onထားခြင်းဖြင့် အသုံးပြုနေသောApplicationများသည် နောက်ကွယ်တွင်ဆက်လက် Updateပြုလုပ်ပေးနေမှာပဲဖြစ်ပါတယ်။ထို့ကြောင့် Emailနှင့်တခြားSocial Appများတွင် ပြန်ဖွင့်လိုက်တိုင်း Auto Latest Updateပြုလုပ်ပေးထားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ထို့အပြင် တခြားမလိုအပ်တဲ့Application တွေကိုလဲနောက်ကွယ်မှာ အလုပ်လုပ်နေမှာဖြစ်တဲ့အတွက် Batteryအားအကုန်မြန်တာတွေလဲ ဖြစ်နိုင်တဲ့အတွက်ကြောင့် မလိုအပ်ရင် ပိတ်ထားဖို့တော့ အကြံပေးလိုပါတယ်။အကယ်လို့ Background App Refreshကိုပိတ်ထားချင်တယ်ဆိုရင်တော့ Setting > General > Background App Refresh ကို Offထားလိုက်ရင်ရပါပြီ။
04/04/2022
Airpods Pro နဲ့ Airpods 3တို့မှာပါတဲ့ Spatial Audioဆိုတာဘာလဲ.
Spatial Audio ဆိုတာကတော့ လွယ်လွယ်ပြောရရင် ရုပ်ရှင်ရုံမှာရုပ်ရှင်ကြည့်တဲ့အခါ အသံတွေက ဘက်ပေါင်းစုံကလာတဲ့ Feeling မျိုးကို AirPods Pro ကနေ ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။
ဒါပေမယ့် ရုပ်ရှင်ရုံတွေမှာ Speaker တွေအများကြီးကိုပတ်ပတ်လည်တပ်ဆင်ထားတာပါ AirPods မှာက Speaker 1 လုံးထဲနဲ့ ပတ်ပတ်လည် Sound Effect ရဖို့ Software နဲ့ပြင်ယူထားတာပဲဖြစ်ပါတယ်။
ဒီနည်းပညာအတွက် Apple က Dynamic Head Tracking နဲ့ Directional Audio Filter နည်းပညာတို့ကိုအသုံးပြုပြီး ကိုယ့်နားထဲကိုဝင်လာမယ့် Sound Frequency တွေကို Auto Adjustment လုပ်ပေးပါတယ်။
ရုပ်ရှင်ရုံတွေထဲမှာ ခေါင်းကိုဘယ်ညာလှည့်ပေမယ့် Speaker တွေက သူ့နေရာမှာရှိနေတယ်ဆိုတာဟုတ်တယ်ဟုတ် AirPods Pro ကနားထဲတပ်ထားတာဆိုတော့ ခေါင်းကိုလှည့်တာနဲ့ အသံတွေပါ လိုက်လှည့်လာပါလိမ့်မယ်
အဲ့လိုမျိုးမဖြစ်အောင် AirPods Pro ထဲက Gyroscope နဲ့ Accelerator တို့ကိုအသုံးပြုပြီး User ရဲ့ ခေါင်းလှုပ်ရှားမှုကို Tracking လိုက်ကာ ရုပ်ရှင်ရုံထဲကလို Surrounding Sound Effect ကို ပေးစွမ်းမှာဖြစ်ပါတယ်။
04/03/2022
🍎သင့် iPhone Battery ကို ဘယ်လိုမျိုး Calibrate လုပ်ကြမလဲ🔋
တကယ်လို့ သင့် iPhone က Battery Health 80% အောက် မရောက်သေးပေမယ့် ပုံမှန်လောက် အသုံးမခံတော့ဘူးလို့ ထင်နေပါသလား ဒါက Battery မကောင်းတော့တာထက် အသုံးပြုတဲ့ပုံစံမှားယွင်းတာကြောင့် Battery က ပုံမှန်ထက် ပိုဆင်းနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး Battery က ပုံမှန်မဟုတ်တော့ဘူးဆိုရင် ပြုလုပ်နိုင်တဲ့အချက်လေးတစ်ခုရှိပါတယ်။
ဒါကတော့ သင့် iPhone ရဲ့ Battery ကို ပြန်ပြီး Calibrate ပြုလုပ်တာပဲဖြစ်ပါတယ်။ Calibrate ပြုလုပ်လိုက်ပြီးပြီဆိုရင် Application တွေ၊ Services တွေကြောင့် Battery စားနေတယ်ဆိုရင် ဖြေရှင်းပေးနိုင်ပြီး Battery ကို Reset ပြုလုပ်လိုက်တာနဲ့ အတူတူပဲလို့ပြောနိုင်ပါတယ်။
အရင်ဆုံး Battery ကို Calibrate မပြုလုပ်ခင်မှာ Disable ပြုလုပ်ရမယ့် Setting အချို့ရှိပါတယ်။ ဒါတွေကတော့ Location Services ၊ Background Refresh ၊ Automatic Updates တွေကို Disable ပြုလုပ်ရမှာဖြစ်ပါတယ်။ Calibrate ပြုလုပ်ပြီးတဲ့အချိန်မှာတော့ အဆိုပါ Setting တွေကို ပြန်ပြီး Enable ပြုလုပ်နိုင်ပါတယ်။
Battery Calibrate ပြုလုပ်ဖို့အတွက်ကတော့🔋
- အရင်ဆုံး Battery ကို 0% အထိရောက်ပြီး ပိတ်သွားတဲ့အထိ အသုံးပြုပါ
- အနည်းဆုံး အချိန် ၃ နာရီခန့် စောင့်ဆိုင်းပါ⛔
- သင့် iPhone ကို ပိတ်ထားပြီး ပြန်လည်အားသွင်းပါ၊ iPhone ပြန်ပွင့်လာပါကလည်း ပြန်ပိတ်ရမှာဖြစ်ပါတယ်📴
- အားသွင်းတဲ့အချိန်မှာ Apple Original Charger ကိုပဲ အသုံးပြုဖို့ လိုအပ်ပါတယ်။ 🔌
- 100% ပြည့်သွားပြီးတဲ့အချိန်မှာလည်း နောက်ထပ် အချိန် ၂ နာရီ၊ ၃ နာရီခန့် ဆက်လက်ပြီး အားသွင်းထားဖို့ လိုအပ်ပါတယ်။ ⏳
- နောက်ဆုံးအနေနဲ့ အပေါ်မှာပြောခဲ့တဲ့အတိုင်း Battery ကို 0% အထိရောက်အောင် အသုံးပြုပြီး အချိန် ၃ နာရီစောင့်ဆိုင်းရမှာဖြစ်ပါတယ်။ ပြီးရင် iPhone ကို ပိတ်ပြီး 100% ပြည့်ပြီး အချိန် ၂ နာရီ၊ ၃ နာရီခန့် ဆက်လက်အားသွင်းထားပြီးရင် ဖုန်းကို ပြန်ဖွင့်ပြီး ပုံမှန်အတိုင်း အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ 👍
အခုလိုမျိုး Calibrate ပြုလုပ်ပြီးသွားပြီဆိုရင်တော့ သင့် iPhone မှာ ဖြစ်နေတဲ့ Battery ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။
Apple Deviceနဲ့ပတ်သက်ပြီးဝယ်ယူလိုတာပဲဖြစ်စေ Errorပိုင်းမေးမြန်းလိုတာပဲဖြစ်စေ 09253484889 သိုမဟုတ် Page Messengerမှာလာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
04/02/2022
Iphone Battery 100% capacity ကနေ 80% ထိရောက်ဖို့ဆိုရင် ဘယ်နှနှစ်ကြာကြာအသုံးပြုလို့ရသလဲ?
ဒီမေးခွန်းကိုဖြေဖို့ဆိုရင် Cycle count ကိုနားလည်အောင်အရင်ပြောဖို့လိုပါလိမ့်မယ် Battery cycle count ဆိုတာ ကုန်ဆုံးသွားတဲ့ Battery percentage တွေကို တွက်ယူတာကိုပြောတာဖြစ်တယ်
ဥပမာ ကိုယ်က 100% ကနေ 50% ထိသုံးလိုက်တယ် ပြီးတော့အားထပ်သွင်းတယ် 80% ပြည့်တာနဲ့ 30% ထိထပ်သုံးတယ် ဒါဆိုစုစုပေါင်းသုံးလိုက်တာက 50% + 50% = 100% အဲ့လို 100% ပြည့်တိုင်း 1 cycle count လို့သတ်မှတ်လို့ရပါတယ်
Apple ပြောကြားချက်အရတော့ Battery cycle count 500 ပြည့်တာနဲ့ 20% battery capacity လျော့ပါတယ်တဲ့ အဲ့တော့တနေ့ကို 1 cycle count (100%) နှုန်းနဲ့သုံးမယ်ဆို 80% ကျန်ဖို့အတွက် 1 နှစ်နဲ့ 4 လကျော်လောက်တော့ကြာလိမ့်ပါမယ် ဒါကတော့ Theory အရပဲရှိတာပါ လက်တွေ့မှာတော့ ဖုန်းပူတာများရင် capacity ကျတာမြန်တယ် Battery ကျတယ်ဆိုတာ OS နဲ့ Environment ပေါ်မှာလဲမူတည်သေးတယ်
02/01/2022
ကျွန်တော်တို့ဟာ iPhone တွေကို ဘာကြောင့် စျေးကြီးပေးဝယ်ကြတာလဲ?
Apple ကိုချစ်တဲ့သူတစ်ယောက်အနေနဲ့ ကျွန်တော်တို့ဟာ iPhone တစ်လုံးကို ဘယ်လိုအချက်တွေကြောင့် စျေးကြီးပေးဝယ်ကြတာလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
1.Because Apple is Apple
ဟုတ်ပါတယ် ကျွန်တော်တို့ Apple ချစ်သူတွေဟာ Apple ကိုချစ်လို့ကို iPhone အသစ်တွေထွက်တိုင်းစျေးကြီးပေးပြီး ဝယ်ယူကြတာပါ။😁
2.GUI (Graphical User Interface)
iOS ရဲ့ UI ဟာ ကန့်သတ်မှူများစွာနဲ့ customize လုပ်ဖို့ မလွယ်ကူလှပါဘူး။ iOS 8 ကတည်းက အခု iOS 15 အထိ iPhone တွေရဲ့ UI ဟာ ထူးထူးခြားခြား မပြောင်းလဲခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ ‘Simplicity is the BEST’ အရိုးရှင်းဆုံးဟာ အလှဆုံးပါပဲ။ iOS ကို jailbreak လုပ်ပြီး Themes တွေပြောင်းတယ် မျိုးစုံအလှဆင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အများဆုံးတစ်ပတ်ပဲ ခံတယ် ပြီးတာနဲ့ iOS ရဲ့ Default UI ကိုပဲ ပြန်ပြန် ပြောင်းဖြစ်တယ်။ ကျွန်တော့်အတွက် iOS ရဲ့ default UI ဟာ မျက်လုံးထဲမှာ အရိုးရှင်းဆုံးနဲ့ အလှဆုံးလို့တဖြည်းဖြည်းနဲ့ ခံစားလာရတယ်။ Home screen က Apps တွေကို သူ့ Original အတိုင်းထားထားတာဟာ ကျွန်တော့်အတွက်တော့ အလှဆုံးနဲ့ မရိုးနိုင်ဆုံး မြင်ကွင်းပါပဲ။
သင်တို့ရော iOS ရဲ့ User interface ကို ဘယ်လိုထင်ပါသလဲ?
3.The Operating System (iOS)
ဘယ်သူတွေ ဘယ်လိုပဲ ပြောပြော Operating system တွေအားလုံးထဲမှာ iOS ဟာ ကျွန်တော့်အတွက်တော့ အရိုးရှင်းဆုံးနဲ့ အဆန်းပြားဆုံး ဖြစ်ပါတယ်။ ဘယ် OS မှာမှ မရတဲ့ OS တစ်ခုရဲ့ ချောမွေ့မှူကို ခံစားရတယ်။ Crash ဖြစ်တာလဲ အနည်းဆုံး OS တစ်ခုဖြစ်ပါတယ်။ သာမန် အသုံးပြုသူတစ်ယောက်အတွက် iOS ဟာ Easy to use ပါပဲ အသုံးပြုရအရမ်းလွယ်ကူတယ်။ Android ဖုန်းတွေမှာလို UI တွေ ကွာခြားမှူမရှိတာကြောင့် iOS ကို တစ်ခါအသုံးပြုဖူးထားတယ်ဆိုရင် ဘယ်လို iDevices ကိုမဆို လွယ်လွယ်ကူကူ အသုံးပြုနိုင်ပါတယ်။ Clean and Minimalist ဆိုတာကို ခုံမင်တဲ့ ကျွန်တော့်အတွက်တော့ iOS နဲ့ အကိုက်ညီဆုံးပါပဲ။
4.The Hardware
iPhone တွေမှာ အသုံးပြုတဲ့ Hardware တွေဟာ Apple ကိုယ်တိုင် Design ဆွဲပြီး သူ့ရဲ့ ကိုယ်ပိုင်နည်းပညာနဲ့ အခြား company တွေကို ထုတ်လုပ်ခိုင်းတာဖြစ်ပါတယ်။ iOS နဲ့ iPhone တွေ တစ်သွေးတည်း ၊ တစ်သားတည်းကျနေတာဟာ Apple ရဲ့ အကောင်းဆုံးသော Hardware တွေကြောင့်ဆိုတာ ငြင်းမရတဲ့ အမှန်တရားပါ။ A series CPU တွေကို Apple ရဲ့ ကိုယ်ပိုင်နည်းပညာနဲ့ TSMC, Samsung စတဲ့ company တွေက ထုတ်လုပ်ပေးတာဖြစ်ပြီး အခြား Brand တွေလို CPU တွေကို Qualcomm တို့ Mediatek တို့ဆီက ဝယ်ယူရတာမဟုတ်ပါဘူး။Apple ဟာ အခြား company တွေဆီက အရေးကြီးတဲ့ Hardware တွေကို ဒီတိုင်း ဝယ်ယူနေရတယ်ထင်ရင် မှားသွားပါလိမ့်မယ်။ အဲ့လိုဝယ်လို့ရတိုင်းသာဆိုရင် Apple ရဲ့ A series chips တွေ ၊ True tone display လို နည်းပညာတွေ ၊ 3D touch လို နည်းပညာတွေကို အဲ့ hardware ထုတ်ပေးတဲ့ ကုမ္မဏီတွေက သုံးနေမှာပေါ့။ ဒီ Company တွေက Apple ရဲ့ Design အတိုင်း ၊ နည်းပညာအတိုင်းပဲ လုပ်ပေးရတာဖြစ်ပါတယ်။ သူတို့အနေနဲ့လဲ ဒီနည်းပညာတွေကို ကူးချလို့မရအောင် Apple က မူပိုင်ခွင့်တွေနဲ့ တားမြစ်ထားပါတယ်။
Apple အနေနဲ့လဲ ဖုန်းတစ်လုံးရဲ့ parts တွေအကုန်ကို ထုတ်လုပ်ဖို့ စက်ရုံမရှိတာကြောင့် အခုလို ဝယ်ယူအသုံးပြုရတာဖြစ်ပါတယ်။
5.Accessories
iPhone နဲ့တွဲဖက်အသုံးပြုလို့ရတဲ့ Accessories တွေဟာ Android flagship တွေထက်ပိုမိုများပြားပါတယ်။ Screen guard, cover ကအစ Premium accessories တွေအဆုံး အစုံအလင်ရှိပါတယ်။
Camera Lens Kits တွေ ၊ Keyboard တွေ ၊ Bluetooth နဲ့ တွဲဖက်ကစားရတဲ့ Sphere Mini Robot လို ကစားစရာလေးတွေ ၊ iOS health app နဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းတွေ စသည်ဖြင့် စုံလင်လှပါတယ်။ Accessories makers တွေအနေနဲ့လဲ တစ်နှစ်မှ တစ်ခုပဲ ထွက်တဲ့ iPhone တွေအတွက် ပြုလုပ်ရတာ ပိုမိုလွယ်ကူပြီး များပြားလှတဲ့ android flagship တွေအတွက်ကျတော့ ထုတ်လုပ်ရမဲ့ range က ကျယ်ဝန်းလှတာကြောင့် iPhone တွေအတွက် တကယ်အသုံးဝင်တဲ့ Accessories တွေဟာ ပေါများလှပါတယ်။
6.Best Support and Help
iPhone တစ်လုံးရဲ့ Warranty ဟာဘယ်လောက်ထိ Reliable ဖြစ်တယ်ဆိုတာတော့ သင် သိလောက်မယ်ထင်ပါတယ်။Best Support ဆိုတဲ့ နေရာမှာ Apple Support နဲ့ live chat ဖူးတဲ့သူဆိုရင် Apple ရဲ့ Support ဟာ ဘယ်လောက်ထိ အဆင်ပြေတယ်ဆိုတာ သိပါလိမ့်မယ်။ Apple support team မှာ သင့်ရဲ့ Apple Products တွေနဲ့ ပတ်သက်ပြီး ကူညီပေးမဲ့ 24/7 live chat ပြုလုပ်ပေးမဲ့ ဝန်ထမ်းတွေ အမြဲအဆင်သင့်ရှိပါတယ်။
8.Aftersale Service
Apple ရဲ့ After-Sale Service ဟာလဲ အတော့်ကို ပြီးပြည့်စုံတဲ့ Service တစ်ခုဖြစ်ပါတယ်။ Customer ကို ဝယ်ယူပြီးတဲ့နောက် ဖြစ်ချစ်တာဖြစ်ဆိုပြီး ပစ်ထားတဲ့အထဲမှာ Apple မပါပါဘူး။
Hardware ပိုင်းနဲ့ ပတ်သက်လို့ Return Policy တွေ ၊ Repair Program (ပြန်လည်ပြင်ဆင်ပေးတာ)တွေ ၊ Replacement Program ( အသစ်လဲလှယ်ပေးတာ ) တွေ စတာမျိုးတွေကို အမြဲလိုလိုပြုလုပ်ပေးလေ့ရှိပါတယ်။
Software ပိုင်းနဲ့ ပတ်သက်လို့လဲ Security Flaw, software bugs, errors ဘယ်လိုမျိုးပဲ ဖြစ်ဖြစ် နေ့ချင်းညချင်း update အသစ်ထုတ်ပေးပါတယ်။Software update နဲ့ ပတ်သက်လို့လဲ ထွက်ရှိပြီးတာ 7 နှစ်ကြာနေတဲ့ iPhone 6s တောင် 2021 ရဲ့ iOS 15 ကို အသုံးပြုနိုင်ပါတယ်။
9.Brand Image
ဒီအချက်ဟာ လူတော်တော်များများ iPhone တွေကို ဝယ်ယူတဲ့အချက်ဆိုရင် မှားမယ်မထင်ပါဘူး။ :3
Apple အနေနဲ့ သူ့ရဲ့ Brand Image ကိုဘယ်လောက်ယုံကြည်လဲဆိုရင် $999 တန် Mac stand ထုတ်ရောင်းတာသာ ကြည့်တော့😎သင့်အနေနဲ့ iPhone နဲ့ မှန်ရှေ့မှာ Mirror Selfie ရိုက်ဖူးတဲ့ သူတစ်ယောက်ဆိုရင် Apple ရဲ့ Brand Image ဘယ်လောက်ရှိတယ်ဆိုတာ သိပါလိမ့်မယ်။Tech နဲ့ မရင်းနှီးတဲ့သူတစ်ယောက်ဆိုရင် iPhone တွေဟာ အကောင်းဆုံး ဆိုတဲ့ Concept လေးတွေတောင် ရှိနေတတ်ကြပါတယ်။နောက်ဆုံးပေါ် iPhone တစ်လုံးကို ကိုင်ထားရတဲ့ Premium ဖြစ်မှုဆိုတာကိုလဲ နောက်ဆုံးပေါ် iPhone မကိုင်ဖူးတဲ့သူတွေအတွက်တော့ နည်းနည်း လက်မခံချင်စရာတော့ရှိပါတယ်။ဒါပေမဲ့ ကြီးကျယ်တဲ့ ပွဲတစ်ခု အခမ်းအနားတစ်ခု တက်တာမျိုးမှာ နောက်ဆုံးပေါ် iPhone တစ်လုံးကိုင်သွားရင် Apple ရဲ့ Brand Image ကို သင်သိလာပါလိမ့်မယ်။ လူတွေဟာ iPhone တစ်လုံးကို သာမန် Smartphone တစ်လုံးထက် Luxury Brand တစ်ခုလိုမျိုး ပိုပြီးတောင် အသုံးချတတ်ကြပါသေးတယ်။
10.Consistency
iPhone Series တွေဟာ တစ်နှစ်မှာ တစ်ခါသာထွက်လေ့ရှိပါတယ်။ ဟိုးအရင်တည်းက Apple ဟာ Consistency ကောင်းကောင်းနဲ့ iPhone series တွေကို ထုတ်လုပ်လာခဲ့တာ 13 နှစ် iPhone 13 အထိတိုင်ခဲ့ပါပြီ။Apple ရဲ့ ဒီလို Consistency ကောင်းမှုတွေကြောင့်လဲ Brand Image ဟာ ဒီလောက်ထိ ကြီးကျယ်သွားတာဖြစ်ပါတယ်။
_
Contact Us > 09253484889
_
YangonMobileSec
11Street ,Middle Block ,Lanmadaw Township , Yangon.
Open Daily - From 9:00 a.m to 5:00 p.m