Mickey's Real Wood Upcycled Furniture

Mickey's Real Wood Upcycled Furniture

Share

We make Upcycled Furniture, custom-designed furniture which exactly suited our customer's needs. We pride ourselves on making things personal.

Photos from Mickey's Real Wood Upcycled Furniture's post 19/08/2026

SOLD 🔴
Gothic Rock Star ကြီးလို့နာမည်ပေးထားတာဆိုတော့သူ့ကိုပန်းချီရေးဖို့တော်တော်စဉ်းစားရတယ်။
ကျွန်တော်က Aerosmith ရဲ့ အဖိုးကြီး Steven Tyler ကိုကြွေတာဆိုတော့သူ့ရဲ့ Flamboyant ဖြစ်တဲ့ fashion ကိုစွဲလမ်းတာရယ်၊ ဒီ cabinet ကြီးရဲ့ visually and physically Heavy ဖြစ်နေတာရယ်ကို
counteract လုပ်ချင်လို့ ဒီလိုကြွားကြွားရွားရွား
ဒေါင်းမင်းသားကြီးကိုရေးဖို့ အဖေ့လက်အပ်လိုက်တာပဲ။

🤍 Available for collection!!
🤍 Reimagined antique display cabinet
🤍 Burmese Teak
🤍 Hand-painted
🤍PM for the price!
🤍 Call 09974242275 for quick reservation!!







17/08/2026

SOLD 🔴
တစ်ချိန်ကြရင်တောင်ပေါ်ဒေသမှာအိမ်ကလေးတစ်လုံးဆောက်မယ်။ ဝရန်တာပါတ်လည် ( wrap
around balcony) နဲ့ cottage ပုံစံနဲ့အိမ်သေးသေးလေးပါပဲ။ country kitchen လိုမှန်ပြတင်းတံခါးဟောင်းအရှည်ကြီးတွေနဲ့ချက်ပြုတ်ရင်းရှုခင်းငေးလို့ရမယ့်အလင်းရောင်ကောင်းကောင်းမီးဖိုခန်းကျယ်နဲ့ပေါ့။
Kitchen အလည်မှာတော့အခုပုံထဲကလို သစ်သား island table အဟောင်းကြီးတစ်လုံးထားမယ်။ မနက်ခင်းပြေးရာကပြန်လာရင် breakfast စားရင်းရှုခင်းငေးမယ်။ ညနေစက်ဘီးစီးရာကပြန်လာရင် whiskey စုပ်ရင်းနေဝင်ချိန်ငေးမယ်ပေါ့။
ပစ္စည်းဟောင်းတွေလည်းအိမ် ၃လုံးစာလောက်စုထားပေမယ့်စိတ်ကူးယဉ်ထားတဲ့အိမ်ကလေးဆောက်နိုင်ဖို့ဝေးနေသေးတော့ ဒီ island table ကြီးလည်းထုတ်ရောင်းလိုက်ပါအုံးမယ်။

🤍 Available for collection!!
🤍 Hand-carved/ Hand-painted
🤍 Antique Teak table
🤍 55"L x 36"W x 37.5"H
🤍 PM for the price!!






15/08/2026

SOLD 🔴!!
Colonial Era British Military campaign chest!

အမျိုးသမီးတွေမကြိုက်တဲ့ furniture ဆိုတာဒါမျိုး။
အမျိုးသားတွေကတော့ရတာနဲ့အရင်ပေးပါ
ဆိုပြီးတန်းစီစောင့်ပြီးမှာထားရတဲ့ masculine Furniture ပေါ့။

🤍 Available for collection!!
🤍 Restored Antique campaign chest
🤍 36"L x 16"D x 43"H
🤍 Burmese Teak
🤍 PM for the price!!
🤍 Call 09974242275 for quick reservation!!







Photos from Mickey's Real Wood Upcycled Furniture's post 15/08/2026

ဧရာဝတီ လေးမျက်နှာရေက‌သူ့အောက်ဖက်
ငသိုင်းချောင်းမှာလည်းမြုပ်ကုန်ပြီ။ အပေါ်မှာလည်းထပ်တိုးတုန်း...
မနက်ဖြန်ကျွန်တော်တို့ Rotary Myanmar အဖွဲ့တွေကူညီ‌ရေးချီတက်ကြမယ်။ ဒီတစ်ခါ clubs အားလုံးရဲ့စုပေါင်းထည့်ဝင်ထားတဲ့ fund တွေအပြင် City Mart Holdings ရဲ့
City Love and Hope foundation ကလည်းအိမ်ထောင်စု ၁၀၀၀စာ ရိက္ခာခြောက်တွေပါဝင်လှူထားတဲ့အတွက် ရေဘေးသင့်သူတွေအတွက်အားရစရာအကူအညီဖြစ်ပါမယ်။
ရေကျသွားတဲ့အခါ လိုအပ်တဲ့ပြန်လည်
ထူထောင်ရေး ( post disaster relief and recovery ) projects တွေအတွက်လည်းကြိုတင်ပြင်ဆင်ထားကြပါတယ်။
♥️City Mart ကိုလည်းရေဘေးသင့်သူတွေကိုယ်စားကျေးဇူးအများကြီးတင်ပါတယ်။♥️♥️
♥️သာမန်ကားအနိမ့်နဲ့ဆို လမ်းဆိုးရေကျော်ပြီးအန္တရာယ်ရှိနိုင်တဲ့ခရီးမို့စိတ်ပူပြီးကားကူညီပေးတဲ့ Parami Luxury Auto က Gym Bros များကိုလည်းကျေးဇူးတင်ကြောင်းဖော်ပြပါရစေခင်ဗျား။ ♥️♥️♥️








14/08/2026

SOLD 🔴!!
Upcycled furniture လုပ်ရောင်းရတာ သစ်ပင်သစ်တောတွေချစ်လို့၊ ထိန်းသိမ်းကာကွယ်ချင်လို့၊ furniture အဟောင်းတွေကိုချစ်လို့ပြန်အသက်သွင်းချင်လို့၊ ပြီးတော့ဘယ်လိုလှအောင် aesthetic ဖြစ်အောင် design‌တွေပြောင်းရမလည်း ၊ အရောင်တွေစပ်ရမလည်းစတဲ့ နှလုံးသားနဲ့ဦးနှောက်ကိုတင်တွဲသုံးရတာမဟုတ်သေးဘူးဗျ။
ကြွက်သား muscle တွေလည်းသုံးရသေးတယ်။ ပုံမှန်အလေးမလေ့ကျင့်ခန်း ( resistance training) လုပ်ပြီးခါးသန်နေလို့တော်သေးတယ်။ ဒီသေတ္တာကြီးအပေါ်ထပ်တစ်‌ယောက်တည်းသယ်ရတာမချောင်ဘူးဗျို့ 😅

🤍 Available for collection!!
🤍 Boho style Hand-carved teak chest
🤍 Hand-cut dove tails joinery
🤍 31"L x 20"W x 22"H
🤍 PM for the price!!
🤍Call 09974242275 for quick reservation







14/08/2026

Gothic Rockstar in the making!!

မပြီးသေးတဲ့ Gothic Rockstar!!






13/08/2026

SOLD 🔴 !!
" မင်းpage ကပုံတွေကိုငါတို့က AI နဲ့လုပ်ထားတဲ့ပုံတွေလို့ထင်နေတာ"တဲ့...

တစ်လောက showroom ကိုလာလည်တဲ့
ထိုင်းနဲ့အမေရိကန်ဧည့်သည်၂ယောက်ကပြောတယ်။
AI နဲ့ဖန်တီးဖို့နေနေသာသာဒီငါးကန်ထဲကငါးလေးတွေတောင်အိမ်ရှေ့မြောင်းထဲကငါ့သမီးဖမ်းထည့်ထားတဲ့ ငဖျင်းသလက် ( Chocolat Gourami )လေးတွေ။ အားလုံးလူစစ်စစ်နဲ့မြန်မာပြည်တွင်လုပ်သည်လို့ 😅
ပွတ်လုံးစားပွဲလေးကတော့ ကျွန်းသစ်ဆိုမှကျွန်းသစ်ရောင်ပဲဆိုတဲ့သစ်သားချစ်သူတွေအတွက်ဆေးရောင်ခြယ်ချင်စိတ်ကိုချုပ်တည်းထားခဲ့ရတဲ့ရှေးဟောင်းလက်ရာပါ။
စားပွဲရဲ့အသက်ဖြစ်တဲ့ထုပ်တန်း ( Apron)ပေါ်ကပန်းပုလက်ရာတွေကတော့ ငပလီကစစ်ရှောင်ပန်းပုဆရာကကျွန်တော်စိတ်ကူးdesignကိုထုဆစ်ပေးထားတာပေါ့။

🤍 available for collection!!
🤍 36"L x 23"W x 31"H
🤍 Burmese Teak
🤍 PM for the price!!
🤍 Call 09974242275 for quick reservation!!
🤍 Available for viewing at Mickey's Real Wood Upcycled Furniture showroom







13/08/2026

SOLD 🔴




12/08/2026





11/08/2026

လွန်ခဲ့တဲ့ 6 နှစ်က client အမတစ်ယောက်ရဲ့မိဘအမွေ ( family heirloom ) အဝတ်ဘီဒိုလေးကို upcycled လုပ်ပေးဖြစ်ပြီးကိုယ်တိုင်သယ်ပို့ပေးခဲ့တာ memories မှာပြန်ပေါ်လာလို့အမှတ်တရပြန်တင်လိုက်တယ်။
ရေး‌ပေးခဲ့တဲ့ပန်းချီနဲ့ပါတ်သတ်ပြီးအမှတ်ရတာတစ်ခုက၊ အဖေကဘာရေးရမလည်းမေးတော့၊ မြောက်ဒဂုံအဖေ့အိမ်ရှေ့ကအဖေစိုက်ထားတဲ့ Heliconia အပင်အုံကြီးကိုလက်ညိုးထိုးပြပြီး "အဲ့ဒါရေးမယ်၊ ခြုံထဲကကြာဖက်နင်း၊မယ်ညိုငှက်ကလေးတွေလည်းထည့်မယ်လို့" ပြောလိုက်တယ်။
အဲ့ဒီအမကအခုနိုင်ငံရပ်ခြားမှာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းစုကြီးရဲ့တည်ထောင်သူ millionaire ဖြစ်နေပြီ။ တိုက်တိုက်ဆိုင်ဆိုင်အခု‌ကျွန်‌ တော်တို့ Rotary clubs တွေရဲ့ရေဘေးကယ်ဆယ်ကူညီရေးလှုပ်ရှားမှုတွေမှာလည်းအ‌ဝေးကနေအင်တိုက်အားတိုက်ပါဝင်ကူညီနေတယ်။ ကျွန်တော့်ကိုမှတ်မိလားလို့လည်းတစ်ခါမှမမေးဖြစ်ပေမယ့်၊
အဲ့ဒီဘီဒိုလေးရှိသေးလားလို့တော့မေးချင်မိတယ်။





Want your business to be the top-listed Furniture Store in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address


B-1, Bayint Naung Street, Kyauk Yay Twin, Mayangone
Yangon
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00