Paradise Home

Paradise Home

Share

Your Dream, Our Dreams.

16/07/2026

လူကြီးမင်းတို့ရဲ့ Construction ကိစ္စရပ်များ၊ ဆောက်လုပ်ရေး၊ အိမ်ခန်း၊ ဆိုင်ခန်း အလှဆင်ပြုပြင်ရေးများအတွက် အားမနာတမ်းကို လာရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ကတော့ Paradise Home ဆိုတဲ့ Construction ကုမ္ပဏီပဲဖြစ်ပါတယ်။

☎️ ဖုန်းနံပါတ် -09979022324 , 09252052993
🏘 ရုံးလိပ်စာ - 60x103/104 Street.ChanMyaThaZi Township.Mandalay

#အိမ်ဆောက် #အိမ်ပြင် #ဆောက်လုပ်ရေးနှင့်အလှဆင်

15/07/2026

ကိုယ်လုပ်နေတဲ့အလုပ်တွေအတွက် ပိုက်ဆံကလွဲရင် နာမည်မရဘူးလို့ တွေးမိလာတယ်... ကျွန်တော်တို့ကြိုးစားမှုနဲ့ ဘယ်လောက်အထိ ခြေဆန့်လို့ရမလဲဆိုတာလည်း သိချင်လာမိတယ်...

အပိုင်း (၄) မျှော်

☎️ ဖုန်းနံပါတ် -09979022324 , 09252052993
🏘 ရုံးလိပ်စာ - 60x103/104 Street.ChanMyaThaZi Township.Mandalay

#အိမ်ဆောက် #အိမ်ပြင် #ဆောက်လုပ်ရေးနှင့်အလှဆင်

14/07/2026

ဘယ်အလုပ်မဆို ဆုံးရှုံးမှုဘယ်လောက်တွေ့ပါစေ၊ အာမခံချက်အပြည့်နဲ့ မဖြစ်ဖြစ်အောင် လုပ်ပြမယ်ဆိုတဲ့ အတွေးတစ်ခုတည်းနဲ့ ကျုံးခဲ့ရုန်းခဲ့ကြတာပါပဲ

အပိုင်း (၃) မျှော်

☎️ ဖုန်းနံပါတ် -09979022324 , 09252052993
🏘 ရုံးလိပ်စာ - 60x103/104 Street.ChanMyaThaZi Township.Mandalay

#အိမ်ဆောက် #အိမ်ပြင် #ဆောက်လုပ်ရေးနှင့်အလှဆင်

08/07/2026

Paradise Home ဆိုတဲ့ မိတ်ဆွေတို့ယုံကြည်စိတ်ချရတဲ့ လုပ်ငန်းကြီးတစ်ခုဆိုတာ လူငယ်လေးတွေရဲ့ အိပ်မက်ကလေးတစ်ခုကနေ ဖြစ်လာခဲ့တာပါ

အပိုင်း (၂) မျှော်

☎️ ဖုန်းနံပါတ် -09979022324 , 09252052993
🏘 ရုံးလိပ်စာ - 60x103/104 Street.ChanMyaThaZi Township.Mandalay

#အိမ်ဆောက် #အိမ်ပြင် #ဆောက်လုပ်ရေးနှင့်အလှဆင်

03/07/2026

Paradise Home ရုံးဖွင့်ပွဲမှာ နာမည်ကြီး Streamer, Actor နဲ့ Creator တစ်ယောက်ဖြစ်တဲ့ ကို Gu Gu မှ ပွဲကိုတက်ရောက်ချီးမြှင့်ပေးပြီး Paradise Home နဲ့ လက်တွဲလုပ်ခဲ့ရတဲ့ အတွေ့အကြုံတွေကို ဝေမျှပေးခဲ့တဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။

အရည်အသွေးအကောင်းဆုံးနဲ့ စရိတ်အသက်သာဆုံး နေအိမ်/ဆိုင်ခန်း ဆောက်လုပ်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်းဝန်ဆောင်မှုများအတွက် အသေးစိတ် ဆွေးနွေးလိုပါက အခုပဲ Paradise Home မှာ စာရင်းပေးသွင်းလိုက်ပါခင်ဗျာ

☎️ ဖုန်းနံပါတ် -09979022324 , 09252052993

🏘ရုံးလိပ်စာ - 60x103/104 Street.ChanMyaThaZi Township.Mandalay

#အိမ်ဆောက် #အိမ်ပြင် #ဆောက်လုပ်ရေးနှင့်အလှဆင်

02/07/2026

အိမ်ဆောက်တဲ့အခါ အကြမ်းထည်၊ အချောထည် ခွဲအပ်ရလို့ ကုန်ကျစရိတ် ပိုသွားမှာစိုးရိမ်နေလား❓

အကြမ်းထည်ဆောက်လုပ်ရေးနဲ့ အချောထည်အလှဆင်ခြင်းတွေမှာ အဖွဲ့တွေ အများကြီးခွဲအပ်မိရင် တစ်ခုခုအဆင်မပြေတာနဲ့ "အကြမ်းထည်သမားက အချောထည်ကြောင့်၊ အချောထည်သမားက အကြမ်းထည်သမားကြောင့်" ဆိုပြီး အပြစ်ပုံချတာမျိုးတွေ ကြုံဖူးကြမှာပါ။

ဒီလို အိမ်ဆောက်၊ အိမ်ပြင်တဲ့အခါ လူကြီးမင်းတို့ ခေါင်းအကိုက်ရဆုံးဖြစ်တဲ့ အလုပ်သမားအဖွဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ 𝐏𝐚𝐫𝐚𝐝𝐢𝐬𝐞 𝐇𝐨𝐦𝐞က အသင့်ရှိနေပါတယ်ဗျာ👷

✅𝐏𝐚𝐫𝐚𝐝𝐢𝐬𝐞 𝐇𝐨𝐦𝐞 မှာဆိုရင် ဝန်ထမ်း (၅၀) ကျော်ဖြင့် ကိုယ်ပိုင်အလုပ်သမားအဖွဲ့တွေ ဖွဲ့စည်းထားပြီး မြေကွက်လွတ်ကနေစလို့ အကြမ်းထည်၊ အချောထည်အပြင် Interior Architecture အထိပါ အစအဆုံး တာဝန်ယူပေးနိုင်ပါတယ်။

✅တစ်ပွဲထိုး အလုပ်သမားအဖွဲ့တွေ လုံးဝမသုံးဘဲ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ကျွမ်းကျင်အင်ဂျင်နီယာနှင့် လုပ်သားအဖွဲ့ကိုယ်တိုင် တိုက်ရိုက်လုပ်ဆောင်တာဖြစ်လို့ အစစအရာရာ စံချိန်စံညွှန်း တိကျတဲ့အပြင် ကုန်ကျစရိတ်လည်း သက်သာပါတယ်။

✅ဒါ့အပြင် နေအိမ်တည်ဆောက်ပြီးစီးတာနဲ့ အိမ်တွင်းအလှဆင်မီးများ တပ်ဆင်ခြင်းအတွက်ပါ စနစ်ကျတဲ့ (Electrical System) လုပ်ငန်းများကို တစ်ပါတည်း တပ်ဆင်ပေးတာဖြစ်လို့ ရေရှည်အတွက်လည်း လုံးဝစိတ်ချရပါတယ်။

✅ဒါကြောင့် ပရောဂျက်တစ်ခုလုံးကို Paradise Home တစ်ခုတည်းကပဲ တာဝန်ယူ ဆောက်လုပ်ပေးမှာဖြစ်လို့ တစ်ခုခုပြောင်းလဲချင်တာဖြစ်စေ၊ သိချင်တာရှိလို့ဖြစ်စေ ကျွန်တော်တို့ဆီကိုပဲ တိုက်ရိုက်ပြောရုံနဲ့ အားလုံးအဆင်ပြေသွားမှာပါ။

ဒါဆို အကြမ်းထည်၊ အချောထည်ကနေ လျှပ်စစ်မီးပိုင်းအထိ အရှုပ်အရှင်းကင်းကင်းနဲ့ စိတ်ရှုပ်စရာမလိုဘဲ စရိတ်သက်သာစွာ ဆောက်လုပ်ပြင်ဆင်ချင်တယ်ဆိုရင်တော့ အခုပဲ 𝐏𝐚𝐫𝐚𝐝𝐢𝐬𝐞 𝐇𝐨𝐦𝐞 ကို ဆက်သွယ်ဆွေးနွေးလိုက်ပါခင်ဗျာ👷👷

☎️ ဖုန်းနံပါတ် -09979022324 , 09252052993

🏘️ရုံးလိပ်စာ - 60x103/104 Street.ChanMyaThaZi Township.Mandalay

#အိမ်ဆောက် #အိမ်ပြင် #ဆောက်လုပ်ရေးနှင့်အလှဆင်

29/06/2026

အရည်အသွေး စံနှုန်းချင်း တူရင်တောင် ပိုသက်သာစေမှာ Paradise Home ပါ" 🏢✨

လူကြီးမင်းတို့ရဲ့ စိတ်ကူးအိပ်မက်ထဲက ခိုင်ခံ့လှပတဲ့ အိမ်တစ်လုံးကို အသစ်ဆောက်လုပ်ချင်ပါသလား ဒါမှမဟုတ် ပြန်လည်မွမ်းမံအလှဆင်လိုပါသလား⁉️

ပစ္စည်းကောင်းတာလည်း သုံးချင်တယ်၊ လက်ရာပိုင်းလည်း စံနှုန်းတစ်ခုလိုချင်တယ် ဒါပေမယ့် ကုန်ကျစရိတ်ကိုတော့ အသက်သာဆုံး ဖြစ်စေချင်တဲ့ လူကြီးမင်းတို့အတွက် Paradise Home ရှိပါတယ်👷

ကုန်ကျစရိတ် သက်သာတယ်ဆိုတာနဲ့ အရည်အသွေးမမှီတဲ့ ပစ္စည်းအညံ့စားသုံးတာမျိုး လုံးဝ (လုံးဝ) မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က စံချိန်စံညွှန်းအပြည့်နဲ့ ကုန်ကျစရိတ်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်တဲ့ အချက်ကတော့ တစ်နေရာတည်းမှာ One Stop Service ရရှိနိုင်လို့ဖြစ်ပါတယ်။

✅Paradise Home မှ ဆောက်လုပ်ရေးအတွက် (ပွဲစားဆင့်) အဖွဲ့တွေကို ထပ်ဆင့်ခေါ်မသုံးဘဲ လက်ရာစိတ်ချရတဲ့ ကိုယ်ပိုင်ကျွမ်းကျင်လုပ်သားအဖွဲ့နဲ့ပဲ တိုက်ရိုက်ဆောက်လုပ်တာဖြစ်လို့ ကုန်ကျစရိတ် ပိုလျှံမှု လုံးဝမရှိပါဘူး။

✅အတွေ့အကြုံရှိ ပညာရှင်များက ပစ္စည်းတွက်ချက်မှုကအစ လေလွင့်မှုမရှိအောင် အနီးကပ်ကြီးကြပ်ပေးတာမို့ လူကြီးမင်းတို့ရဲ့ အိတ်စိုက်ငွေ တစ်ကျပ်တစ်ပြားမှ မဖြုန်းတီးရအောင် ဖန်တီးပေးထားပါတယ်။

✅အသုံးပြုတဲ့ ပစ္စည်းနဲ့ လက်ရာအပေါ် ရာနှုန်းပြည့် ယုံကြည်မှုရှိတာကြောင့် အဆောက်အဦး အပ်နှံပြီးစီးသွားတဲ့အထိ စိတ်ချရမယ့် အာမခံချက်တွေပေးနိုင်တဲ့အပြင် အိမ်ရဲ့ မီးလုံးတစ်လုံးကအစ တာဝန်ယူတပ်ဆင်ပေးတာဖြစ်လို့ တစ်သက်စာအတွက် တစ်ခါပဲ အကုန်ကျခံဖို့လိုပါတယ်။

ဒီအတွက် အရည်အသွေးအကောင်းဆုံးနဲ့ စရိတ်အသက်သာဆုံး နေအိမ်/ဆိုင်ခန်း ဆောက်လုပ်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်းဝန်ဆောင်မှုများအတွက် အသေးစိတ် ဆွေးနွေးလိုပါက အခုပဲ Paradise Home မှာ စာရင်းပေးသွင်းလိုက်ပါခင်ဗျာ

☎️ ဖုန်းနံပါတ် -09979022324 , 09252052993

🏘️ရုံးလိပ်စာ - 60x103/104 Street.ChanMyaThaZi Township.Mandalay

#အိမ်ဆောက် #အိမ်ပြင် #ဆောက်လုပ်ရေးနှင့်အလှဆင်

Photos from Paradise Home's post 24/06/2026

မန္တလေးတောင်ခြေရဲ့ အေးချမ်းသာယာမှုနဲ့အတူ သပ္ပာယ်ကြည်ညိုဖွယ်ရာ တည်ရှိမယ့် "မိုးထိကျောင်းတိုက်" ကြီးကို Paradise Home မှ တာဝန်ယူပြုပြင်ဆောက်လုပ်ခွင့်ရရှိခဲ့ပါတယ် 🏛️✨

ငလျင်ဒဏ်ကြောင့် ပျက်စီးယိုယွင်းသွားသော မန္တလေးတောင်ခြေရှိ မိုးထိကျောင်းတိုက်ကြီးကို Paradise Home အနေနဲ့ အတွင်းပိုင်း၊ အပြင်ပိုင်း အလှဆင်ခြင်းလုပ်ငန်းစုအားလုံးကို အသေးစိတ် တာဝန်ယူ တည်ဆောက်ပေးနေတဲ့ ပုံရိပ်များပဲဖြစ်ပါတယ်။

မိုးထိကျောင်းတိုက်ကြီးတစ်ခုလုံး ခမ်းနားထည်ဝါစွာ သက်တမ်းရှည်ကြာ တည်ရှိနေဖို့ Paradise Home ရဲ့ ကိုယ်ပိုင်အလုပ်သမားအဖွဲ့မှ တိုက်ရိုက်ပြုပြင် ပေးနေတာဖြစ်လို့ Paradise Home တာဝန်ရှိသူများမှ စနစ်တကျစီစဥ်ညွှန်ကြားဆောင်ရွက်ပေးလျက်ရှိပါတယ်

ဒါကြောင့် ဘာသာရေး အဆောက်အဦးကြီးတွေရဲ့ ခိုင်ခံ့ထည်ဝါမှုကအစ လူကြီးမင်းတို့ရဲ့ စိတ်ကူးအိမ်မက် နေအိမ်အထိ... ယုံကြည်စိတ်ချရတဲ့ လက်ရာကောင်းတစ်ခု ဖြစ်စေဖို့ Paradise Home မှ တာဝန်ယူ ပြင်ဆင် ဆောက်လုပ်ပေးပါရစေ။

လူကြီးမင်းတို့ရဲ့ အိပ်မက်နေအိမ်တွေကို အမြန်ဆုံးနဲ့ အကောင်းဆုံး အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ အခုပဲ Paradise Home ကို ဆက်သွယ် စုံစမ်းဆွေးနွေးနိုင်ပါပြီခင်ဗျာ👷

ဆက်သွယ်ရန် ဖုန်းနံပါတ် -09979022324 ၊ 09252052993

ရုံးလိပ်စာ - 60x103/104 Street.ChanMyaThaZi Township.Mandalay

#အိမ်ဆောက် #အတွင်းပိုင်းအလှဆင် #မန္တလေးဆောက်လုပ်ရေး

19/06/2026

ပထမဗီဒီယိုမှာ အပြင်ပိုင်းပြပြီးသွားတော့ အခုကအတွင်းပိုင်းလေးပေါ့ 🫡 အမြန်ဆုံးပြီးအောင် နေ့ရောညပါလုပ်ဆောင်ပေးနေတဲ့ Paradise Home အဖွဲ့သားတွေကိုလည်း ကျေးဇူးတင်မိတယ်။ Final Result လေးကိုလည်း မကြာခင်မှာ မျက်ဝါးထင်ထင် မြင်ရတော့ပါမယ်ခင်ဗျာ 🥰

17/06/2026

အခက်အခဲတွေကြားထဲကနေ လက်ရာလေးကို အကောင်းဆုံးဖန်တီးနိုင်တာရော၊ ဆိုင်ရှင်စိတ်ကြိုက်ဒီဇိုင်းကိုမှ အစောဆုံးဖြစ်အောင် စီစဉ်ပေးနိုင်ခဲ့တာရောအတွက် Paradise Home အဖွဲ့သားတွေနဲ့အတူ ဂုဏ်ယူမိတယ်ဗျာ 🙌

Premium Decoration ပိုင်းတွေမှာ လက်ရာသေသပ်စွာနဲ့ အာမခံချက်အပြည့်ကိုမှ စျေးနှုန်းသင့်တင့်တာမျိုးကို လိုချင်တယ်ဆိုရင်တော့ Paradise Home ကို အခုပဲဆက်သွယ်လိုက်ပါခင်ဗျာ 🤙

Want your business to be the top-listed Furniture Store in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Mandalay
05051