Gmate Myanmar

Gmate Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Gmate Myanmar, Kamayut.

29/08/2026

💙 Gmate Myanmar | August Activities

ကျန်းမာရေးကောင်းမှ နေ့ရက်တိုင်းကို ပိုကောင်းကောင်းဖြတ်သန်းနိုင်မှာပါ။ 🩺✨

August လအတွင်းမှာ Gmate Myanmar အနေနဲ့ လူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ပေးနိုင်ဖို့ ကျန်းမာရေးစစ်ဆေးပေးတဲ့ Activity လေး ပြုလုပ်ခဲ့ပါတယ်။

နေ့စဉ်ဘဝမှာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ အချိန်မပေးဖြစ်တာတွေ၊ ကျန်းမာရေးအခြေအနေကို ပုံမှန်စစ်ဆေးဖို့ မေ့လျော့နေတတ်တာတွေ ရှိနိုင်ပါတယ်။

ဒါကြောင့် Gmate Myanmar ကနေ လူတွေအတွက် လွယ်လွယ်ကူကူ ကျန်းမာရေးစစ်ဆေးနိုင်ဖို့ အခွင့်အရေးလေးတစ်ခု ဖန်တီးပေးခဲ့ပါတယ်။ ❤️

ကျန်းမာရေးဆိုတာ မကောင်းတဲ့အချိန်မှ ဂရုစိုက်ရမယ့်အရာမဟုတ်ဘဲ၊ ကောင်းနေတဲ့အချိန်ကတည်းက ကြိုတင်ဂရုစိုက်သင့်တဲ့အရာ ဖြစ်ပါတယ်။

ဒီ Activity လေးကနေတစ်ဆင့် လူတိုင်းကို “ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်ကြရအောင်” ဆိုတဲ့ Message လေး ပေးချင်ပါတယ်။ 🫶

August လရဲ့ အမှတ်တရ Activity လေးတစ်ခုအနေနဲ့
Gmate Myanmar ရဲ့ Health Check-up Activity မှာ ပါဝင်ခဲ့ကြတဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။ 💙

Your Health Matters.
Take Care of Yourself with Gmate Myanmar. 🩺💙

20/08/2026

ဆီးချိုရှိရင် အချိုဓာတ်ပါတဲ့ သစ်သီးတွေ လုံးဝစားလို့မရတော့ဘူးဆိုပြီး ရှောင်နေကြပါသလား?

တကယ်တော့ သစ်သီးတွေမှာ သဘာဝသကြားဓာတ် ပါဝင်ပေမယ့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ပမာဏကို ထိန်းညှိပြီး စားသုံးပေးရင် ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုနိုင်ပါတယ်။🧐

ဥပမာအားဖြင့် ငှက်ပျောသီးနဲ့ စွန်ပလွံသီးလိုမျိုး အသီးတွေဟာ ခွန်အားပြည့်ဝစေပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။

ဒါပေမယ့် ဆီးချိုရှိသူတွေအနေနဲ့ ငှက်ပျောသီးဆိုရင် အရမ်းမမှည့်တာကို ရွေးစားသင့်ပြီး၊ စွန်ပလွံသီးလို အချိုကဲတဲ့အသီးကိုတော့ နည်းနည်းပဲ စားပေးဖို့ လိုပါတယ်။

အသီးကို ဖျော်ရည်လုပ်သောက်တာထက် ဒီအတိုင်းဝါးစားတာက သွေးချိုရုတ်တရက်တက်တာကို ပိုကာကွယ်ပေးနိုင်ပါတယ်။

အရေးကြီးဆုံးကတော့ စားလိုက်တဲ့ အစားအစာတွေကြောင့် သွေးချိုဘယ်လောက်တက်လာလဲဆိုတာ စနစ်တကျပုံမှန်တိုင်းတာစစ်ဆေးဖို့ပဲ ဖြစ်ပါတယ်။

ဆီးချိုရောဂါရှိတဲ့ မိတ်ဆွေတို့အနေနဲ့ သွေးတွင်းသကြားဓာတ်ကို စနစ်တကျ စစ်ဆေးပြီး ထိန်းသိမ်းနိုင်ဖို့အတွက် တိကျမှန်ကန်တဲ့အဖြေတွေ ထုတ်ပေးနိုင်တဲ့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံများကို အခုပဲ ဆောင်ထားလိုက်ပါရှင်။🥰

#ဆီးချို #သွေးချို #ကျန်းမာရေးဗဟုသုတ

18/08/2026

မကြာခဏ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ဗိုက်ရစ်နာတာဟာ ရိုးရိုးအစားမှားတာကြောင့်တင် မဟုတ်ဘဲ၊ ကာလရှည် သွေးချိုမထိန်းနိုင်လို့ အူလမ်းကြောင်း အာရုံကြောတွေ ထိခိုက်လာတဲ့ သတိပေးလက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

သွေးချိုကြာရှည်တက်နေရင် အူလှုပ်ရှားမှု မမှန်တော့ဘဲ မကြာခဏ ဝမ်းလျှော၊ ဝမ်းချုပ်တတ်ပါတယ်။ အထူးသဖြင့် ညဘက် ရုတ်တရက် ဝမ်းလျှောတာကြောင့် ရေနဲ့ဆားဓာတ် ဆုံးရှုံးပြီး သွေးချိုအတက်အကျ ပိုကမောက်ကမ ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ? 🧐

အဆီအဆိမ့်နဲ့ အပူအစပ်လွန်ကဲတာတွေကို ရှောင်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာကိုသာ ရွေးစားပါ။

ရေဓာတ်မခန်းခြောက်အောင် ရေများများသောက်ပါ။

ဝမ်းဆက်တိုက်လျှောနေရင် ဆရာဝန်နဲ့ အမြန်ဆုံး သွားပြပါ။

အရေးကြီးဆုံးအချက် - နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်ရအောင် မိမိရဲ့ သွေးချိုကို စနစ်တကျ အမြဲထိန်းသိမ်းပါ။

ဆီးချိုရောဂါရှိတဲ့ မိတ်ဆွေတို့အနေနဲ့ သွေးတွင်းသကြားဓာတ်ကို စနစ်တကျ စစ်ဆေးပြီး ထိန်းသိမ်းနိုင်ဖို့အတွက် တိကျမှန်ကန်တဲ့အဖြေတွေ ထုတ်ပေးနိုင်တဲ့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံများကို အခုပဲ ဆောင်ထားလိုက်ပါရှင်။ 🥰

#ဆီးချို #သွေးချို #ကျန်းမာရေး #ဆီးချိုတိုင်းစက်

07/08/2026

🌧 မိုးရာသီရဲ့ စိုစွတ်‌အေးမြမှုနဲ့အတူ Gmate ရဲ့ August လအတွက် အထူးပရိုမိုးရှင်းကြီးက ထပ်မံရောက်ရှိလာပါပြီ ✨

🗓 August လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိကို -

🏥 ကျော် ဆေးဆိုင် (Kyimyindaing)
🏥 ဧပြီ ဆေးဆိုင် (Junction Square, Kamaryut)
🏥 စွယ်တော် ဆေးဆိုင် (Lanmadaw, Near YGH)
🏥 အောင်ပြည့်စုံ ဆေးဆိုင် (Lanmadaw, Near YGH)
🏥 ရွှေတိုး ဆေးဆိုင် (Lanmadaw, Near YGH)
🏥 ထွန်းတောက် ဆေးဆိုင် (Yankin)
🏥 Save Care ဆေးဆိုင် (Yankin Center)
🏥 ဘေးမခ ဆေးဆိုင်
🏥 Medicare
🏥 Mahar Plus (Dala, Kyaukdata, Mingalartaungnyut Bazar, Mayangone Bazar, Yankin)

📍 စတဲ့ ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါပြီ။

🎁 Gmate ဆီးချိုတိုင်းစက် တစ်လုံး ဒါမှမဟုတ် Gmate သွေးစစ်တံ ၂၅ ချောင်းပါ ဘူးနှစ်ဘူးကို ဝယ်ယူသူတိုင်းအတွက် Gmate Medicine Bag တစ်လုံးစီ လက်ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။ 🛍

🩺 ဆီးချိုတိုင်းစက်ဆိုတာ ဆီးချိုသမားတိုင်း မရှိမဖြစ် ဆောင်ထားသင့်တဲ့ ပစ္စည်းဖြစ်လို့ ဈေးနှုန်းလည်း ချိုသာ၊ အရည်အသွေးကလည်း မြင့်မားပြီး Promotion ကာလမှာ လက်ဆောင်ပါ ရနိုင်မယ့် Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံတွေကို သတ်မှတ်ထားတဲ့ နေရာတွေမှာ အမြန်ဆုံး သွားရောက်ဝယ်ယူလိုက်ပါ။ 🏃‍♂️💯

20/07/2026

“ကျန်းမာရေးစောင့်ရှောက်မှုက လူတိုင်းရဲ့ အခွင့်အရေးပါ။ ❤️”

📍 GmateMyanmar မှ သံဖြူဇရပ် ဇီဝိဒဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့သော အခမဲ့ကျန်းမာရေးစစ်ဆေးပွဲတွင် လူနာ ၁,၀၀၀ ကျော် ကို အခမဲ့ စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပါတယ်။

👨‍⚕️ ကျန်းမာရေးအသိပညာ မြှင့်တင်ပေးခြင်း၊
🤝 လိုအပ်နေသူများကို အချိန်မီ ကျန်းမာရေးဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းတို့ဖြင့် လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုနိုင်ခဲ့တဲ့ အမှတ်တရနေ့လေး ဖြစ်ခဲ့ပါတယ်။

GmateMyanmar အနေဖြင့် လူမှုအသိုင်းအဝိုင်းရဲ့ ကျန်းမာရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုလုပ်ငန်းများကို ဆက်လက်ပံ့ပိုးသွားမှာ ဖြစ်ပါတယ်။

💙 အားလုံး ကျန်းမာပြီး ဘေးကင်းကြပါစေ။

13/07/2026

🎁 ဆီးချိုတိုင်းစက်တစ်လုံး အခမဲ့ရနိုင်မယ့် အထူးအခွင့်အရေးကြီး လာပါပြီ 🤩

🩸 ဆီးချိုတိုင်းစက်ဆိုတာ ဆီးချိုသမားတိုင်း မရှိမဖြစ် ဆောင်ထားသင့်တဲ့ ပစ္စည်းပဲ ဖြစ်ပါတယ်။

✨ ကျွန်မတို့ရဲ့ Gmate ကနေ ဇူလိုင်လ ၁၆ ရက်နေ့မှ ဩဂုတ်လ ၄ ရက်နေ့အထိ City Care ဆိုင်ခွဲတွေမှာ Gmate သွေးစစ်တံ အချောင်း ၅၀ ပါ ဘူးတစ်ဘူး ဝယ်ယူတိုင်း အရည်အသွေးမြင့် Gmate ဆီးချိုတိုင်းစက်တစ်ခုကို လက်ဆောင် ပေးသွားမှာပဲ ဖြစ်ပါတယ်။ 🎁

🏃‍♂️🏃‍♀️ ဒါကြောင့် ဒီအခွင့်အရေးကြီးကို လက်မလွှတ်ရလေအောင် သတ်မှတ်ထားတဲ့ရက်တွေမှာ City Care ဆိုင်ခွဲတွေကို အပြေးလာပြီး Promotion အစီအစဉ်ကြီးမှာ ပါဝင်လိုက်ပါ။

🗓 ပရိုမိုးရှင်းကာလ - ဇူလိုင်လ (၁၆) ရက်နေ့ မှ ဩဂုတ်လ (၄) ရက်နေ့အထိ
📍 နေရာ - City Care ဆိုင်ခွဲတိုင်းတွင် ဝယ်ယူရရှိနိုင်ပါသည်

09/07/2026

📣 မော်လမြိုင်မြို့က လူတွေအတွက် သတင်းကောင်း လာပါပြီ 🤩

🗓 လာမယ့် ဇူလိုင်လ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ Grand Mawlamyaing Shopping Mall မှာ ဖွင့်လှစ်မယ့် City Care ဆိုင်ခွဲရဲ့ Grand Opening ပွဲကြီးမှာ Gmate သွေးစစ်တံ အချောင်း ၅၀ ပါ ဘူးတစ်ဘူး ဝယ်ယူတိုင်း အရည်အသွေးမြင့် Gmate ဆီးချိုတိုင်းစက်တစ်ခုကို 🎁 လက်ဆောင် ပေးသွားမှာပဲ ဖြစ်ပါတယ်။ ✨

🩸 ဆီးချိုသမားတိုင်း မရှိမဖြစ် ဆောင်ထားသင့်တဲ့ ပစ္စည်းဖြစ်လို့ ဒီလိုအရမ်းတန်တဲ့ အခွင့်အရေးကြီးကို လက်မလွှတ်ရလေအောင် (၂) ရက်တည်းသာ ပြုလုပ်မယ့် Grand Mawlamyaing City Care ဆိုင်ဖွင့်ပွဲကို အပြေးလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🏃‍♂️🏃‍♀️

📍 နေရာ - Grand Mawlamyaing Shopping Mall (City Care ဆိုင်ခွဲသစ်)
🗓 ရက်စွဲ - ဇူလိုင်လ (၁၀) ရက် နှင့် (၁၁) ရက်

27/06/2026

နည်းနည်းစားရုံနဲ့ ဗိုက်အင့်တာ၊ ရင်ပြည့်ရင်ကယ်ဖြစ်ပြီး ပျို့အန်ချင်နေတာလား? ရိုးရိုးအစာအိမ်ရောဂါပဲဆိုပြီး ပေါ့ပေါ့ဆဆ မထားလိုက်ပါနဲ့နော် ⚠️

ဒါဟာ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ သင့်ရဲ့ အစာခြေစနစ် ပုံမှန်အလုပ်မလုပ်တော့ဘူးဆိုတဲ့ အချက်ပြမှုတစ်ခု ဖြစ်နိုင်ပါတယ် 🩺🩸

ဆီးချိုကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဘာတွေဖြစ်နိုင်လဲ? 🧐

🍽 အစာခြေဖျက်မှုနှေးကွေးခြင်း: အစာအိမ်အာရုံကြောထိခိုက်လို့ နည်းနည်းစားရုံနဲ့ ဗိုက်ပြည့်လွယ်တာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ အစားပျက်ပြီး မကြာခဏ ပျို့အန်တာတွေ ဖြစ်နိုင်ပါတယ်။

🚽 ဝမ်းချုပ်/ဝမ်းလျှောခြင်း: အူလမ်းကြောင်းထိခိုက်မှုကြောင့် နာတာရှည်ဝမ်းချုပ်တာ (သို့) ရုတ်တရက်ဝမ်းလျှောတာတွေ ဖြစ်တတ်ပြီး၊ အစာစုပ်ယူမှု ကမောက်ကမဖြစ်လို့ သွေးချိုထိန်းချုပ်ရ ပိုခက်ခဲလာပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ? ✨
🥗 အစားအစာတွေကို တစ်ခါတည်း အများကြီးမစားဘဲ နည်းနည်းနဲ့ မကြာခဏ ခွဲစားပေးပါ။
👨‍⚕️ ရင်ပြည့်ရင်ကယ်ဖြစ်တာတွေ ဆက်တိုက်ဖြစ်နေရင် ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ပါ။
📊 နောက်ဆက်တွဲပြဿနာတွေ မဖြစ်လာအောင် မိမိရဲ့ သွေးချိုကို စနစ်တကျ ထိန်းသိမ်းပါ။

ဆီးချိုရောဂါရှိတဲ့ မိတ်ဆွေတို့အနေနဲ့ သွေးတွင်းသကြားဓာတ်ကို စနစ်တကျ စစ်ဆေးပြီး ထိန်းသိမ်းနိုင်ဖို့အတွက် တိကျမှန်ကန်တဲ့အဖြေတွေ ထုတ်ပေးနိုင်တဲ့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံများကို အိမ်တိုင်းမှာ မရှိမဖြစ် ဆောင်ထားကြပါစို့ရှင် 💙✨

#ဆီးချို #အစာအိမ် #ကျန်းမာရေး ီးချိုတိုင်းစက် #ကျန်းမာရေးဗဟုသုတ

24/06/2026

သွားတိုက်ရင်း သွေးခဏခဏထွက်တတ်လား? သွားဖုံးရောင်တာတွေကို ရိုးရိုးပဲဆိုပြီး ပေါ့ပေါ့ဆဆ မထားလိုက်ပါနဲ့နော် ⚠️

ဒါဟာ သွေးတွင်းသကြားဓာတ်များပြီး ဆီးချိုရောဂါက သင့်ခံတွင်းကို တိတ်တဆိတ် ဒုက္ခပေးနေတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ် 🦷🩸

ဆီးချိုကြောင့် ခံတွင်းမှာ ဘာတွေဖြစ်နိုင်လဲ? 🧐

🦠 သွားဖုံးရောင်ခြင်းနှင့် သွားကျွတ်ခြင်း: ဘက်တီးရီးယားတွေကြောင့် သွားဖုံးနီရဲရောင်ရမ်းပြီး သွေးထွက်လွယ်တာ၊ ပိုဆိုးလာရင် အရိုးထိခိုက်ပြီး သွားကျွတ်တဲ့အထိ ဖြစ်နိုင်ပါတယ်။

👅 ခံတွင်းခြောက်ခြင်းနှင့် မှိုစွဲခြင်း: တံတွေးထွက်နည်းပြီး သကြားဓာတ်များနေတဲ့အတွက် ခံတွင်းခြောက်သွေ့ကာ လျှာနဲ့ ပါးစောင်တွေမှာ မှို (အဖြူဖတ်များ) စွဲလာတတ်ပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ? ✨
🪥 တစ်နေ့ (၂) ကြိမ် စနစ်တကျ သွားတိုက်ပါ။
👨‍⚕️ သွားဖုံးရောင်တာ၊ သွေးထွက်တာတွေဖြစ်လာရင် သွားဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။
📊 နောက်ဆက်တွဲပြဿနာတွေ မဖြစ်လာအောင် မိမိရဲ့ သွေးချိုကို စနစ်တကျ ထိန်းသိမ်းပါ။

ဆီးချိုရောဂါရှိတဲ့ မိတ်ဆွေတို့အနေနဲ့ သွေးတွင်းသကြားဓာတ်ကို စနစ်တကျ စစ်ဆေးပြီး ထိန်းသိမ်းနိုင်ဖို့အတွက် တိကျမှန်ကန်တဲ့အဖြေတွေ ထုတ်ပေးနိုင်တဲ့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံများကို အိမ်တိုင်းမှာ မရှိမဖြစ် ဆောင်ထားကြပါစို့ရှင် 💙✨

#ဆီးချို #သွားနှင့်ခံတွင်းကျန်းမာရေး ီးချိုတိုင်းစက် #ကျန်းမာရေးဗဟုသုတ

Want your business to be the top-listed Furniture Store in Kamayut?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Kamayut
11041