Kayin State Tourist Guides Association

Kayin State Tourist Guides Association

Share

The official page of Kayin State Tourist Guides Association

Photos from Kayin State Tourist Guides Association's post 28/02/2023

အစဥ်ပြေကြရဲ့လား (KSTGA) Team

ကျန်းမာရေးကိုဂရုစိုက်ကြပါ။

တစ်နေ့ပြန်ဆုံရင်တောင် On Tour မှာ ဧည့်သည်ကိုယ်စီနဲ့ပဲ ပြန်ဆုံခြင်တယ်။

ငါကတော့ ချစ်တဲ့ခရီးသွားနယ်ပယ်ထဲမှာ ကျားကန်ပြီး ဖတ်တွယ်နေတုန်းပဲ တစ်နေ့ခရီးသွားလုပ်ငန်း ပြန်လည်နိုးထလာမည်ဆိုတဲ့ မျှော်လင့်ချက်နဲ့

အဲနေ့ရောက်ရင် မင်းတို့တွေလည်း ခရီးသွားလုပ်ငန်းထဲကို ပြန်လာမယ်လို့ ငါယုံကြည်ပါတယ်။

အတူတူပြန်ကြိုးစားကြမယ်။

အတူတူရုန်းကန်ကြမယ်။

အတူတူပြန်ရှင်သန်ကြမယ်။

04/02/2021

ကရင်ပြည်နယ်ဧည့်လမ်းညွှန်များအသင်း၏ ထုတ်ပြန်ကြေညာချက်

12/10/2020

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန Tourism National Guidelines for COVID-19 Safe Services (Beta Version-VI) အား အောက်ဖော်ပြပါ Link တွင် Download ရယူနိုင်ပါသည်။

Download Link- https://bit.ly/33NaFGp (Myanmar Version)

https://bit.ly/3lChuk9 (English Version)

Photos from Kayin State Tourist Guides Association's post 27/08/2020

ဘားအံမြို့တွင် COVID-19 Relief Package (I) ခရီးသွားလုပ်ငန်းအခြေခံသင်တန်းကျင်းပ
*********************************************

ဘားအံ ဩဂုတ်လ (၂၅) ရက်

ဟိုတယ်နှင့်ခရီးသွားလာ‌ရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ဘားအံရုံး) ၏ စီစဉ်ကြီးကြပ်မှု၊ ကရင်ပြည်နယ် ဧည့်လမ်းညွှန်များအသင်းမှ ပြင်သစ် ၊ ထိုင်း ၊ English အစရှိသည့် ဘာသာစကားပြော ဧည့်လမ်းညွှန်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ဘားအံမြို့ တွင် ဖွင့်လှစ်သော COVID-19 Relief Package (I) ခရီးသွားလုပ်ငန်းအခြေခံ (၈) ရက်သင်တန်း၊ သင်တန်း ဖွင့်ပွဲ အခမ်းအနားကို (၂၅-၈-၂၀၂၀) ရက်နေ့တွင် Golden Palace ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဟိုတယ် နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ဘားအံရုံး မှ ဦးဝင်းကျော် ကရင်ပြည်နယ် ဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ ဦးသူရဦး အတွင်းရေးမှုး ဦးအာကာထွန်း ဝါရင့်ဧည့်လမ်းညွှန်များဖြစ်ကြသည့် ပြင်သစ်ဘာသာစကားပြော ဧည့်လမ်းညွှန် ဦးအောင်စံမြတ် ထိုင်းဘာသာစကားပြော ဦးအောင်ကျော်မိုး တို့နှင့်အတူ National Tourist Guide တစ်ဦးဖြစ်သည့် English ဘာသာစကားပြော ဝါရင့်ဧည့်လမ်းညွှန် ဦးစိန်လပြည့်တို့မှ တက်ရောက်ခဲ့ပြီး သင်တန်း ဖွင့် အမှာစကားများ အသီးသီးပြောကြားကာ လက်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဦးဝင်းကျော် မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါ ဘားအံမြို့တွင် ဖွင့်လှစ်သော COVID- 19 Relief Package (I) ခရီးသွားလုပ်ငန်းအခြေခံသင်တန်းသို့ ဒေသခံ ဆက်သွယ်သွားလာရေး ဝန်ဆောင်မှုပြုနေသော ယာဥ်မောင်းဆရာ (၂၀) ဦးတက်ရောက်ခဲ့ကြပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် သင်တန်း တက်ရောက် သူများအား ထောက်ပံ့ကြေးငွေ တစ်နေ့လျှင် (၄၈၀ဝိ/-) ကျပ် ထောက်ပံ့ပေးအပ်ပြီး သင်တန်း ပို့ချပေးသော ဆရာများအား တစ်ချိန်ကျ သတ်မှတ်နှုန်းထားများအတိုင်း ချီးမြှင့်ပေးအပ်လျက် ရှိပါသည်။

ဘားအံမြို့ တွင် အဆိုပါ COVID-19 Relief Package (I) ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် စိတ်ပါ ဝင်စားသူများ ဘားအံမြို့၊ ဟိုတယ်/ခရီး သတင်းနှင့်ပြန်ကြားရေးကောင်တာတွင် ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိပါသည်။

ကရင်ပြည်နယ် ဧည့်လမ်းညွှန်များ အသင်း

20/08/2020

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ၁၉-၈-၂၀၂၀ ရက်နေ့ထုတ် သတင်းလွှာ အတွဲ (၁) အမှတ် (၂) အား ဝန်ကြီးဌာန၏ Website Link-https://tourism.gov.mm/mm/newsletter/ တွင် Download ရယူနိုင်ပါသည်။

20/07/2020

Save Irrewaddy Dolphins

09/07/2020

Myanmar Be Enchanted အမည်ဖြင့် Mobile Application လွှင့်တင်ထားပြီဖြစ်ကြောင်း
***********************************************
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ခရီးသွားလုပ်ငန်းဆိုင်ရာ တိကျမှန်ကန်သော သတင်း အချက်အလက်များကို ဖြန့်ဝေပေးရန်၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းပြီးလုံခြုံမှုရှိသည့် ကောင်းမွန် သော ပုံရိပ်ကို နိုင်ငံတကာတွင် ပိုမို ထင်ရှားလူသိများလာစေရန်၊ မြန်မာနိုင်ငံ၏ သဘာဝ အလှအပ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊တိုင်းရင်းသား ရိုးရာဓလေ့စရိုက်များ၊ (၁၂)လရာသီ ပွဲတော်များကို ဖော်ထုတ်၍ အရည်အသွေးရှိသော ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည် ပတ်စေရေး ဆွဲဆောင်ရန်စသည့် ရည်ရွယ်ချက်များ ဖြင့် ပြုလုပ်ထားသော Myanmar Be Enchanted အမည်ရှိ Mobile Application ကို Google Play Store တွင် အင်္ဂလိပ်ဘာသာဖြင့် (၁-၇-၂၀၂၀) ရက် နေ့တွင် စတင်လွှင့်တင်ထားပြီးအောက်ပါ QR Code ကို Scan ဖတ်၍ လည်းကောင်း၊ https://bit.ly/2AscTzi တွင်လည်းကောင်း၊ Google Play Store တွင်လည်းကောင်း Download ရယူနိုင်ပါသည်။ ထို့အပြင် iOS Device များအတွက် Apple Store တွင်လည်း မကြာမီလွှင့်တင်နိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

Photos from Myanmar Hoteliers Association's post 11/06/2020

ခရီးသွားလုပ်ငန်း ပြန်လည်စတင်ဖွင့်လှစ်ရေး လမ်းညွှန်ချက်များ

Photos from Travelling Journal's post 30/05/2020
Photos from Ministry of Hotels and Tourism's post 27/05/2020
Want your business to be the top-listed Furniture Store in Hpa-an?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Hpa-an