🌇✨
Content by Edward
I'm a digital creator passionate about photography and tech. I love sharing my content, hobbies, and tech knowledge with the community. Join me! ✨
DJI Osmo Pocket 4 Unboxing 📦
🇹🇭 မနက်ခင်းနေထွက်ချိန်
14/08/2026
✨ Pocket 4 Shots
ဒီနေ့ မနက်အစောကြီးထပြီး DJI Osmo Pocket 4 လေးနဲ့ ဟိုရိုက် ဒီရိုက် အဆင်ပြေသလိုရိုက်ထားတဲ့ပုံတွေပါ။
တိုက်အမြင့် 36 လွှာကမို့ ဘန်ကောက်တစ်မြို့လုံးကို လှမ်းမြင်ရပါတယ်။ Zoom အများကြီး ဆွဲမရိုက်ထားဘူးဗျ။
Video အတွက် အဓိကသုံးဖြစ်ပေမယ့် Photo ဘက်မှာရော ဘယ်လောက်အဆင်ပြေလဲဆိုတာ စမ်းရိုက်ကြည့်ဖြစ်တာပါ။
Camera သေးသေးလေးနဲ့ ဒီလောက်ထိ ရိုက်လို့ရတာတော့ တော်တော်လေးသဘောကျမိတယ်။ 😊
13/08/2026
🐈
13/08/2026
🤳 ကျွန်တော်သုံးဖြစ်တဲ့ Photo File Formats
Phone နဲ့ Photo ရိုက်တဲ့အခါ HEIF, JPEG, RAW ဆိုပြီး ရွေးရိုက်ဖို့ Format တွေရှိပါတယ်။
ကျွန်တော်ကတော့ Photo တိုင်းကို RAW နဲ့ မရိုက်ဖြစ်ဘူး။
အခုနောက်ပိုင်း Photo အများစုကို Phone နဲ့ပဲ ရိုက်ဖြစ်တာများတော့ HEIF / JPEG ကိုပဲ အများဆုံးသုံးဖြစ်ပါတယ်။
🔶 ပုံမှန်နေ့စဉ်ရိုက်တဲ့ပုံတွေ၊ Social Media မှာတင်ဖို့နဲ့ Edit အများကြီးမလုပ်မယ့်ပုံတွေဆို HEIF / JPEG နဲ့ပဲ ရိုက်ဖြစ်ပါတယ်။
File Size လည်း သေးပြီး ရိုက်ပြီးတာနဲ့ Share လုပ်ဖို့၊ တခြား Device တွေမှာ ပြန်သုံးဖို့လည်း အဆင်ပြေတယ်။
🔸 RAW ကိုတော့ Lightroom မှာ သေချာ Edit လုပ်ချင်တဲ့ပုံတွေ၊ Light နဲ့ Color ကို နည်းနည်းပိုပြင်ချင်တဲ့အချိန်မှာ သုံးဖြစ်တယ်။ File Size တော့ နည်းနည်းကြီးပါတယ်။
အလွယ် ဒီလိုမှတ်လို့ရပါတယ်။
ပုံမှန်သုံး → HEIF / JPEG
အသေးစိတ် Edit လုပ်ဖို့ → RAW
ဘယ် Format က အကောင်းဆုံးလဲဆိုတာထက် ကိုယ်ရိုက်ထားတဲ့ Photo ကို နောက်ဆုံး ဘာလုပ်မလဲ ဆိုတာကို အရင်စဉ်းစားပြီး ရွေးရိုက်ပါဗျ။
12/08/2026
🎒Create Anywhere, Keep It Simple.
ကျွန်တော်က ဘယ်သွားသွား၊ ဘာလုပ်လုပ် Content တွေကို လိုတဲ့အချိန် အလွယ်တကူ စလုပ်လို့ရတာမျိုးကို သဘောကျတဲ့သူပါ။
အဲ့ဒါကြောင့် Setup အကြီးကြီးတွေ၊ Gear အများကြီးသယ်သွားတာထက် ကိုယ်နဲ့အမြဲပါပြီး လိုတဲ့အချိန် ချက်ချင်းထုတ်သုံးလို့ရတဲ့ Devices တွေကိုပဲ ပိုသုံးဖြစ်ပါတယ်။
ရိုးရိုးရှင်းရှင်းနဲ့ ကိုယ့် Workflow အတွက် အဆင်ပြေနေရင် ကျွန်တော့်အတွက်တော့ လုံလောက်ပါတယ်။
18/04/2026
🛍️ Official Store တွေကနေ ကိုယ်တိုင် တိုက်ရိုက်ဝယ်ယူပေးမှာမို့ စိတ်ချလက်ချ ဝယ်ယူနိုင်ပါတယ်။
💜
🛒 လိုချင်တာတွေဝယ်ပေးမယ့် 𝐏𝐈𝐂𝐊𝐎 "ပစ်ကို"
မြန်မာမှာနေရင်း ဘန်ကောက်မှာ စျေးဝယ်ထွက်နိုင်ဖို့အတွက် 𝐏𝐈𝐂𝐊𝐎 ရဲ့ 𝗦𝗵𝗼𝗽𝗽𝗶𝗻𝗴 𝗦𝗲𝗿𝘃𝗶𝗰𝗲 လေးနဲ့မိတ်ဆက်ပေးပါရစေ။
🛍️ ကိုယ်တိုင်သုံးဖို့ဖြစ်ဖြစ်၊ လက်လီလက်ကားလုပ်ငန်းအတွက်ပဲဖြစ်ဖြစ် လိုအပ်တဲ့ Branded အဝတ်အထည်တွေနဲ့ အခြားလူသုံးကုန်စ္စည်းတွေကို ဘန်ကောက်မှာရှိတဲ့ Official Store၊ Official Website တွေကနေ မင်မင်ကိုယ်တိုင် သေချာရွေးချယ်ပြီး စိတ်တိုင်းကျ ဝယ်ယူပေးမှာဖြစ်ပါတယ်။
အချိန်ကုန် လူပင်ပန်းသက်သာပြီး လိုချင်တာအားလုံးကို တစ်နေရာထဲကနေ လွယ်လွယ်ကူကူ မှာယူနိုင်အောင်စီစဉ်ပေးထားပါတယ်။
💜 𝐏𝐈𝐂𝐊𝐎 ရဲ့ဝန်ဆောင်မှုက ချိုသာတဲ့နှုန်းထားပဲရှိတာမို့ ဝယ်ချင်တာတွေရှိရင် အခုပဲ page Messenger မှာ “𝗛𝗲𝗹𝗹𝗼” လိုက်ပါတော့နော်။ 📨
🛒 Available Brand:
𝗨𝗻𝗶𝗾𝗹𝗼 • 𝗠𝗨𝗝𝗜 • 𝗜𝗞𝗘𝗔 • 𝗖𝗮𝘀𝗲𝘁𝗶𝗳𝘆 • 𝗣𝗼𝗽𝗠𝗮𝗿𝘁
Click here to claim your Sponsored Listing.